Shopping Cart

Total Items:
SubTotal:
Tax Cost:
Shipping Cost:
Final Total:

ဖရန်စစ်နည်းပညာ( မြစ်ကြီးနား)


ကက်သလစ်စာကြည့်တိုက်( မြစ်ကြီးနား ) သို့  ကက်သလစ်စတိုး

ကက်သလစ်စာကြည်တိုက်ယခုလို..လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။
ယခုကဲ့သို့ သော ကက်သလစ်စာကြည်တိုက်ဖြစ်မြှောက်လာအောင်မြေထောင်မြောက်ပေးပြီးလိုအပ်သမျှလုပ်ဆောင်ပေးခဲ့သော ——————- Fr.John Dashi naw Lawn ( Holy ChildHood Asociation (Or) HCA မြစ်ကြီးနား။
အား အထူးပင်ကျေးဇူးတင်မိပါတယ် နောက်ပြီး ဘာသာသူများအနေဖြင့်လည်း ဆုတောင်းပေးခြင်းဖြင့် ကူညီပေးကြပါလို့  ကက်သလစ်စာကြည့်တိုက်ကိုယ်စား ပြောကြားလိုက်ရပါတယ်။
( ကက်သလစ်စာကြည့်တို့ရည်ရွယ်ချက်မှာ- နောင်လာမည့်ကလေးများနှင့် ဘာသာရေး အသ်တရားများ အားနည်းနေသော သူများ နှင့် ကက်သလစ်သာသနာအတွင်းသာမက ဘာသာရေးဆိုင်ရာအထွေထွေဗဟုသုတများအားလုံးကို တင်ပြပေးပြီး ကလေး၊လူငယ်၊လူကြီးမရွေး ဘာသာရေးအသိတရားများအား သိ ရှီနားလည်လာပြီး ပြည့်စုံ၊ပြည်ဝသော ကက်သလစ်ဘာသာဝင်ဖြစ်မြောက်လာစေရန် နှင့် နောင်တစ်ချိန်တွင် လူတော်လူကောင်းဖြစ်လာကြဘာသာတရားေ၇းရာ အသိတရားများ နားလည်သိရှီပြီးဘာသာရေးအသိပညာပေးသော ဘဏ်တိုက်ကြီးအဖြစ်မျှော်လင့်ပါသည် )
ကက်သလစ်စာကြည့်တိုက် မှာ မြစ်ကြီးနားမြို့ ၊ စိန်ကိုလန်ဘန် ကျောင်း ၀င်းအတွင်း ၊(HCA)ရုံးခန်း နှင့် နည်းပညာဖရန်စစ် ခေမာသီရိရပ်ကွက် ၊ အမှတ် (၆၄) ၊ Francis Mobile Doctorကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ။
ဆက်သွယ်ရန်ဖုန်းနံပါတ်များမှာ –
၀၉-၄၅၄၃၂၀၈၉၁(ဖာသာ ဂျွန်ဒါရှီနော်လွန်)
၀၉-၇၈၂၅၂၈၃၄၀( မရီတာဆိုင်းဘူ )
Photographer (Pro) ဒေါမိနစ် ကိုဝင်း နှင့် Holy Childhood(MKN) မှ ကလေးများ နှင့်အတူ ဖန်တီးတည်ဆောက်ခဲ့ပြီးဖြစ်ပါသည်။ ဘာသာတူ များ အားလုံး နှင့် အခြား ဘာသာရေး အားလုံး ကိုလည်း ကြိုဆိုပြီး မခွဲခြားနား ချစ်ခြင်းတရားဦးစားပေးပြီး ကျွန်တော်တို့ စာကြည့်တိုက်ကိုလာရောက်အားပေးဖို့ ဖိတ်ခေါလိုက်ပါတယ်ခင်ဗျာ။အဆုံးထိ ဖတ်ရူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ ဘုရားသခင်၏ ကျေးဇူးတော် နှင့် ကောင်းချီးအဖြာဖြာကို အယောက်ဆီတိုင်းသက်ရောက်ပါစေလို့  တောင်းဆုပြုပေးပြီး နိဂုန်းချူပ်လိုက်ပါတယ် ခင်ဗျာ၊။။။။။။။။။။။။။။။။


You may also be interested in the following product(s)

If you enjoyed this article, subscribe to receive more great content just like it. You can follow any responses to this entry through the RSS 2.0. Feel free to leave a response

0 Reviews for " "

Leave a reply